သတင်းများ

ကျွန်းစုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိုက်ခရိုအပြေးပြိုင်ပွဲ ကျင်းပ
Jan 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိုက်ခရိုအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက သုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ သားဆက်ခြားနည်းလမ်းများ သင်တန်းဖွင့်ပွဲကျင်းပ
Jan 03,2025
ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် သားဆက်ခြားနည်းလမ်းများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သံတောင်ကြီးမြို့နယ် ကလေးစာဖတ်ခန်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲပြုလုပ်
Jan 03,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က (၇၇) နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ ယနေ့နံနက် ၁၁ နာရီက ဖြန့်ဝေသည်။
တောင်ကြီးမြို့၊ ဂနိုင်ကန်အမှတ်(၂) ပတ်လမ်းနှင့် ရှုခင်းသားပန်းခြံရှေ့ ကွန်ကရစ်ရေမြောင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 03,2025
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဂနိုင်ကန်အမှတ်(၂) ပတ်လမ်းတည်ဆောက်ခြင်း၊ ကန်လမ်းကွန်ကရစ်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 03,2025
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့နယ် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jan 03,2025
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊    ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူနှင့်  ဝန်ထမ်းများက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများထံသို့အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။