သတင်းများ

ကျိုင်းတောင်းမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျောင်သား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၊ စျေးတန်းအ.လ.က(ခွဲ)နှင့် မွေတော်အ.မ.ကကျောင်းများတွင် အသိပညာပေးဟောပြောပွဲနှင့် မြို့နယ်ရုံးဝန်ထမ်းများက (၇၇)နှစ မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို အဆိုပါကျောင်းများသို့ ယနေ့နံနက် ၈ နာရီခွဲက သွားရောက် ဖြန့်ဝေခဲ့ကြသည်။
ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Jan 03,2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌  ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်‌နေ့အထိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Jan 03,2025
ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်စေရန်၊ ညဏ်ရည်ညဏ်သွေးထက် မြတ်စေရန်နှင့် ဗလငါးတန်းနှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၈)နာရီက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ခိုလမ်မြို့၊ မူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ
Jan 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် ယနေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။
ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ဥတ္တရသီရိမြို့နယ် ဒုတိယပညာရေးမှူး ဦးညိုမင်းထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
မိုင်းတုံမြို့တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆု‌ပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆု‌ပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အ.ထ.က မိုင်းတုံစာသင်ကျောင်းဝန်း၌ကျင်းပရာ ဆရာမများက “ဘက်စုံဂုဏ်ရည်ဒို့လှမ်ချီ”သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြိုနယ် လေသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။