သံတောင်ကြီး ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က (၇၇) နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းများကို ကျောင်းသူ/ကျောင်းသားများသိရှိစေရန် မိမိတို့၏တိုင်းရင်းသားဘာသာ စကားကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာ စွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၉)ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၈) ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ