ဘီးလင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

ဘီးလင်း  နိုဝင်ဘာ  ၂၇
 

သထုံခရိုင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေး ဌာနနှင့် ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ​အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ဘီးလင်းမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံက Talk Show ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်အေးစန္ဒာဝင်း က  အမျိုးသားအောင်ပွဲနေ့  ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ယူနီဗာစတီအက်ဥပဒေပါအချက် များနှင့် သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားများ၏အမည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် Talk Show ဆွေးနွေးပွဲ​ဆောင်ရွက်ခြင်းလုပ်ငန်း အပြင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ပညာရှင်အဆင့်စစ်တုရင်​ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထူးနောင်