ပေါက်တော နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် (၁၀) နာရီက စတင်ထိုးနှံပေးသည်။
အဆိုပါ IDPs စခန်းများသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့သို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးကြသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်၌ IDPs စခန်း (၅)ခု စုရပ်များဖြစ်သည့် ကြိမ်နီပြင် IDPs စခန်း ၊ဆင်တက်မော် IDPs စခန်း ၊အနောက်ရဲ IDPs စခန်း၊ငှက်ချောင်း-၁(IDPs)စခန်း၊ငှက်ချောင်း-၂( IDPs)စခန်းများ၌ ခိုလှုံနေကြသည့် ပြည်သူများနှင့်၊ ဆင်တက်မော်(ဘင်္ဂလီ)ပြည်သူများ၊အနောက်ရဲ(ဘင်္ဂလီ) ပြည်သူများ၊ စစ်ကဲ ပြင်အထက်(ဘင်္ဂလီ)ပြည်သူများ ၊ စစ်ကဲပြင်အောက်(ဘင်္ဂလီ)ပြည်သူများ၊ ကုန်တန်း(ဘင်္ဂလီ) ပြည်သူများနှင့် တောင်ရွာ(ဘင်္ဂလီ) ပြည်သူ စုစုပေါင်း (၁၆၀၆)ဦးအား ယနေ့မှစတင်၍ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သန်း(မြို့နယ် ပြန်/ဆက်)