ပွင့်ဖြူ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်းဇောင်းကျေးရွာ စည်ပင်သာယာဈေးအား မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေ ၃ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ခံ မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ခံမြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်လျှပ်စစ်ဌာန၊ ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ တာဝန်ခံလက်ထောက် မီးသတ် ဦးစီးမှူးဦးဇော်ခိုင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်များလိုက်ပါ၍ ကုန်းဇောင်း စည်ပင်သာယာဈေး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် လျှပ်စစ်မီးရယူသုံးစွဲနေမှုအား မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး ပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် အရေးပေါ် ရေရယူသုံးစွဲနိုင်ရန် အဆင်ပြေမှုရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဈေးရောင်းသူများအား လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေး စနစ်တကျ သုံးစွဲကြရန်၊ ဈေးအတွင်း မီးလောင်စေနိုင်သော လောင်စာများ ထားသိုခြင်း ထို့နောက် တာဝန် ရှိသူများ ပူးပေါင်းအဖွဲ့က ကုန်းဇောင်းစည်ပင်သာယာဈေးအတွင်း လျှပ်စစ်မီးသွယ်တန်း ထားရှိသော ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရန် ဈေးတာဝန်ခံနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များအား ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )