ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

ကွတ်ခိုင်   နိုဝင်ဘာ   ၂၈

ရှမ်းပြည်နယ်‌ (မြောက်ပိုင်း)မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်စည်ပင်သာယာ‌ရေးပိုင်မြို့မစျေးကြီး၌ မီးဘေး လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့နံနက် (၀၉:၀၀) တွင် အဆိုပါဈေး၌ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းမိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ မှ ရဲမှူးဝင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ကျော်ဟိုး နှင့် ဝန်ထမ်းများနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှု ဖြစ်ပွားပါက မီးသတ်​ဆေးဗူးအသုံးပြုပုံ နည်းလမ်းများ ရှင်းလင်း​ပြောပြပြီး လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြကာ မြို့မဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်ပိုင်ရှင်များနှင့် စျေးဝယ်ပြည်သူတို့က မီးသတ်​ဆေးဗူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းကိုလက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်တာဝန်ရှိသူများမှ စျေးအတွင်း မီးဘေးလုံခြုံရေးအတွက် ရေသိုလှောင်ထားမှု၊ အပေါ့စား မီးသတ် စက်များ ဆောင်ရွက်ထားမှုနှင့် မီးသတ်ဆေးဗူးများထားရှိမှု အခြေအနေအား စစ်ဆေးခဲ့ကြောင်း သိရ သည်။

ဌေးဌေး