ကျုံပျော်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းဝန်း သန့်ရှင်း သာယာ‌လှပရေး စုပေါင်းဆောင်ရွက်

ကျုံပျော် နိုဝင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ စေတီပုထိုးနှင့် ဘုန်းတော်ကြီး ကျောင်းဝန်း သန့်ရှင်းသာယာ‌လှပရေး စုပေါင်းဆောင်ရွက်ခြင်းကို ပင်လုံရပ်ကွက်ရှိ ထန်းတော ဘုန်း‌တော်ကြီး ကျောင်းဝန်းအတွင်း၌ ယမန်နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးခင်မောင်သန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ  ပူးပေါင်းကာ  ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ စေတီပုထိုးများ သန့်ရှင်းသာယာ‌ရေး ဆောင်ရွက်ခြင်းနှင့် ကျောင်းဝန်းအ တွင်းရှိ မြက်ပင်များ၊ ချုံနွယ်များ၊ အမှိုက်များကို စုပေါင်းခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

လပြည့်ဦး