မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှဝ့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

ကျောက်ဖြူ  နိဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးသို့ သွားရောက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူက မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ် ဆေး ဗူးဖြင့် စနစ်တကျ မီးငြှိမ်းသတ်မှုများ၊ မီးဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ဝန်ထမ်းများအား အသိပညာပေးပြောကြားခဲ့သည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့များသည် အဆိုပါဦးစီးဌာနရုံးမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွား ပါက ရေစိုအဝတ်ဖြင့်အရေးပေါ်မီးငြှိမ်းသတ်နည်းများနှင့် မီးသတ်ဆေးဗူးကို အသုံးပြု၍ စနစ်တကျ မီးငြှိမ်း သတ်နည်းများအား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း