သတင်းများ

မင်းဘူးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာန တို့ ပူးပေါင်းပြီး(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ခြောက်လမြေပဲခေါ်ပင်ပြန့်မြေပဲများနှုတ်သိမ်း၊ မြေပဲများ အထွက်နှုန်း ကောင်းသော်လည်း ပျက်စီးမှုများနေ
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ခြောက်လမြေပဲခေါ် ပင်ပြန်မြေပဲများစတင်နှုတ်သိမ်း နေပြီဖြစ်ရာ မြေပဲများထွက်နှုန်းကောင်းမွန်သော်လည်းပျက်စီးမှုနှုန်းများ နေကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ မြေပဲစိုက်တောင်သူ ဦးသန်းထိုက် ထံကသိရသည်။
ဝါးခယ်မမြို့နယ်၌ASEAN HEALTHမှလှူဒါန်းသော အောက်ဆီဂျင်စက်၊အောက်ဆီဂျင်အိုးနှင့် အသုံးအဆောင်ပစ္စည်းများအားလှူဒါန်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Nov 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ခုတင်(၅၀)ဆံ ပြည်သူ့ဆေးရုံနှင့်ကြက် ခြေနီ အသင်းသို့ASEAN HEALTHမှ အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကိုနိုဝင်ဘာ ယမန်နံနက် (၁၁)နာရီက ဝါးခယ်မ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Nov 27,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို နိုဝင်ဘာ ၉ရက်နေ့မှစ၍ နေ့စဉ် မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စလူချောင်းကျေးရွာ အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 27,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီက ‌ စလူချောင်း ကျေးရွာအုပ်စုတွင်ရှိ ပြည်သူများအတွက် အိမ်ထောင် စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ASEAN Festival 2021 ပွဲတော်၌ မြန်မာနိုင်ငံကိုယ်စား ပြု ကျိုင်းတုံတက္ကသိုလ် က ပထမဆု ၂ခု ရရှိ
Nov 27,2021
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ တက္ကသိုလ် (၁၉)ခု ပါဝင်သော ASEAN Festival 2021 ပိတ်ပွဲအခမ်းအနားကို ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက Video conference ဖြင့်ကျင်းပသည်။ ပွဲတော်တွင် စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပြိုင်ပွဲ(၇)မျိုး ပါဝင်ရာ မြန်မာနိုင်ငံကိုယ်စားပြု ကျိုင်းတုံတက္ကသိုလ်က အာဆီယံဟင်လျှာ ပြိုင်ပွဲနှင့် အာဆီယံ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲတို့တွင် ပထမဆု ရခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းတွင် မီးလောင်မှုဖြစ်ပွား
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်-၁၂၆၅၊ အေးချမ်းစံ အထူးကုဆေးခန်းတွင် ယမန်နေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှု အသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၁)စီး ထွက်ခွာငြှိမ်းသတ်ရာ ၁၁ နာရီ ၅၅ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကွန်ကရစ်လမ်းဖွင့်ပွဲတက်ရောက်
Nov 27,2021
 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့်အတူ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုပန်မြို့၊ မိန်းပန်း“ဝ” ရပ်ကွက်၊ ချယ်ရီလမ်းဖွင့်ပွဲအား တက်ရောက်ခဲ့သည်။