ဝါးခယ်မမြို့နယ် စလူချောင်းကျေးရွာ အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  နိုဝင်ဘာ ၂၇

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီက ‌ စလူချောင်း ကျေးရွာအုပ်စုတွင်ရှိ ပြည်သူများအတွက် အိမ်ထောင် စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ စလူချောင်း ကျေးရွာ အုပ်စုရှိ  ကျေးရွာနေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၁၉)ဦး၊ အသက် (၁၈)နှစ်ပြည့် (၂၄)ဦး၊လဲလှယ် (၁၉)ဦး၊ မိတ္တူ (၃)ဦး၊ စုစုပေါင်း(၆၅)ဦးနှင့်‌ပြောင်းရွေ့အိမ်ထောင်စု(၆)စု တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)