မင်းဘူးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မင်းဘူး   နိုဝင်ဘာ   ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာန တို့ ပူးပေါင်းပြီး(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမှတ် ( ၂ ) အခြေခံပညာ အထက်တန်းကျောင်း အလယ်တန်းပြဆရာမ ဒေါ်မိုးဆွေက ပြိုင်ပွဲ၏ အတွေ့အကြုံ သဘော သဘာဝနှင့် ထက်မြက်သည့် လူတော် လူကောင်းကလေးများ ဖြစ်လာစေရန် ရည်ရယ်၍ ကျင်းပပြုလုပ် ပေးပုံတို့ကို ကျောင်းသား၊ ကျောင်းသူလေးများအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မင်းဘူးမြို့ သီရိမင်္ဂလာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ဆေးရောင်ခြယ်ခြင်းနှင့် ၂၀၂၁ နိုဝင်ဘာလထုတ် အတွဲ (၁၈)၊ အမှတ် (၂၂) ဒို့ကျေးရွာဂျာနယ်မှ အမျိုးသား အောင်ပွဲနေ့နှင့် အမျိုးသားရေးစိတ်ဓာတ်ဆောင်ပါး ဖတ်ကြားယှဉ်ပြိုင်စေပြီး ဆုရသည့် ကျောင်းသား၊ ကျောင်းသူလေးများကို တာဝန်ရှိသူ အသီးသီးမှ ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)