ညောင်ဦးမြို့နယ်တွင် ခြောက်လမြေပဲခေါ်ပင်ပြန့်မြေပဲများနှုတ်သိမ်း၊ မြေပဲများ အထွက်နှုန်း ကောင်းသော်လည်း ပျက်စီးမှုများနေ

ညောင်ဦး      နိုဝင်ဘာ     ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ခြောက်လမြေပဲခေါ် ပင်ပြန်မြေပဲများစတင်နှုတ်သိမ်း နေပြီဖြစ်ရာ မြေပဲများထွက်နှုန်းကောင်းမွန်သော်လည်းပျက်စီးမှုနှုန်းများ နေကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ မြေပဲစိုက်တောင်သူ ဦးသန်းထိုက် ထံကသိရသည်။

ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှု ကောင်းမွန်ခြင်းနှင့်အတူ ကျေးလက်တောင်သူများ စိုက်ပျိုးသည့် သီးနှံခင်းများ အောင်မြင်ဖြစ်ထွန်းသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး သုံးလမြေပဲ ခေါ်ပင်ထောင်မြေပဲများ နှုတ်သိမ်းဆွတ်ခူးချိန် မြေပဲအထွက်နှုန်းအင်အမတန်ကောင်းမွန် ခဲ့ကာ ခြောက်လမြေပဲခေါ် ပင်ပြန်မြေပဲစိုက်ပျိုးချိန်တွင်လည်း မိုးရွာသွန်းမှုကောင်းမွန်ခြင်းနှင့်တူ မြေပဲပင်များ သန်မာကြီးထွားမှုနှုန်း ကောင်းမွန်ခဲ့ကာ မြေပဲစိုက်ပျိုးတောင်သူများ မြေပဲရဖို့ သေချာသလောက်အထိ အပင်ကောင်းမွန်ခဲ့ကြောင်း ပန်းကုန်းပင်ကျေးရွာ ဦးဝင်း မောင်က ရှင်းပြသည်။ ခြောက်လမြေပဲများ နှုတ်သိမ်းချိန်တွင် အချို့မြေပဲစိုက်ခင်းများ ကြွက်များ သောင်းကျန်းမှုကြောင့် မြေပဲအထွက်နှုန်းလျော့ကျခဲ့ကြောင်း၊ မြေကြွက်များနှင့် ကြွက်စလောင်း၊ ကြွက်နီတာများသည် မြေပဲပင်ဥများကို ကိုက်ဖြစ်စားသောက်ခြင်းနှင့် မြေပဲဥမရင့်ခင် အချိန်မှာပင်မြေပဲဥများ၊ မြေပဲအစွယ်များကို ကိုက်ဖြတ်စားသောက်ခြင်း များက မြေပဲဥဥနှုန်းနှင့် မြေပဲအထွက်နှုန်းကိုလျှော့ကျစေကြောင်း မြေပဲတစ်ပင် ဥဥနှုန်း မြေပဲတောင့် ၅၀ ရှိလျှင် ဥသုံးဆယ်လောကထိ ကြွက်များကိုက်ဖြတ်စားသောက် ဖျက်ဆီးပစ်ခြင်းများက မြေပဲစိုက်ကျေးလက် တောင်သူများ အထွက်နှုန်း လျော့ကျစေခဲ့ကြောင်းသိရသည်။

ခြောက်လမြေပဲခေါ်ပင်ပြန့်မြေပဲစိုက်ပျိုးခြင်းများကို ညောင်ဦးမြို့နယ်တွင် နယုန်လ၊ ဝါဆိုလတို့တွင် စိုက်ပျိုးခဲ့ကြပြီး စတင်စိုက်ပျိုးချိန် မြေပဲဆန်တစ်တင်း ၅၅၀၀၀ ကျပ် ၊ ထွန်စက်ထွန်ယက်ခ တစ်နာရီ ၂၂၀၀၀ကျပ်၊ နွားရှည်းတစ်မနက် ၁၅၀၀၀ကျပ်၊ အလုပ်သ မားခ တစ်နေကုန် အမျိုးသမီး ၃၀၀၀ကျပ်၊ အမျိုးသား ၅၅၀၀ ကျပ်ပေးရကြောင်း၊ မြေဆီခ ရွက်ဖျန်းဆေးများ ကုန်ကျစရိတ်လည်းမသက်သာလှကြောင်း၊ မိုးရွာသွန်းမှုများခြင်းများ ကလည်း မြေပဲပင်များ ဥဥရန် အပွင့်ပွင့်ပြီး အစွယ်ချချိန် မိုးသည်းရိုက်ခြင်းများကြောင့် လည်းမြေပဲဥ ဥနှုန်းလျော့ကျခဲ့ခြင်း၊ ကြွက်များဖျက်စီးခြင်းများကလည်း မြေပဲစိုက်ပျိုး တောင်သူများ မျှော်မှန်းထားသည့် မြေပဲတစ်တင်းကျ ၂၅ တင်းအထက်ထွက်ရှိရန်မျှော် မှန်းထားခဲ့သော်လည်း ၁၅တင်းသာထွက်ရှိခဲ့ကြောင်း၊ အချို့မြေပဲစိုက်ပျိုးတောင်သူများ အထွက်နှုန်း ကောင်းမွန်ခဲ့ပြီး၊ အချို့တောင်သူများအထွက်နှုန်း လျော့ကျခဲ့ကြောင်း၊ မြေပဲပင်များ အောင်မြင်ဖြစ်ထွန်းမှုကောင်းသော်လည်း အထွက်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

ကိုထိန်၊ KPD