ဝါးခယ်မ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ခုတင်(၅၀)ဆံ ပြည်သူ့ဆေးရုံနှင့်ကြက် ခြေနီ အသင်းသို့ASEAN HEALTHမှ အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကိုနိုဝင်ဘာ ယမန်နံနက် (၁၁)နာရီက ဝါးခယ်မ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီအသင်း ဥက္ကဋ္ဌမန်းကြည်ရွှင်က အောက်ဆီဂျင်စက်(Oxygen Concentrator, 10-L)များလှူဒါန်းရာ မြို့နယ် ပြည်သူ့ဆေးရုံသို့ (၅)လုံး၊ ကျုံမငေးတိုက်နယ် ဆေးရုံသို့(၁)လုံး၊ရွှေလောင်းတိုက်နယ်ဆေးရုံသို့(၁)လုံး၊ မြို့နယ် ကြက်ခြေနီအသင်းသို့(၂) လုံး၊ စုစုပေါင်း (၉)လုံး ကာလ တန်ဖိုးငွေကျပ်(၈၁)သိန်းနှင့် မြို့နယ် ကြက်ခြေနီအသင်းသို့ အောက်ဆီဂျင်အိုး (Oxygen Cylinder,15-L)(၄)လုံး၊ တပ်ဖွဲ့ဝင်များ အတွက် အသုံးအဆောင်ပစ္စည်းများ တန်ဖိုးငွေကျပ် (၁၀) သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဝင်းထက်နှင့် မြို့နယ်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးတင့်တို့က လက်ခံရယူခဲ့သည်။ အဆိုပါပစ္စည်းများအား ASEAN HEALTH မှလှူဒါန်းခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာငွေကျပ်(၉၁) သိန်း ဖြစ်ကြောင်းသိရသည်။
စောသန္တာဦး