သတင်းများ

စလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆လပတ် ဘက်ဂျက်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက် ကုန်ထုတ်လမ်း၊ တံတားများ၏ တင်ဒါရှင်းလင်းပွဲနှင့် မြစိမ်းရောင်ရန်ပုံငွေပေးအပ်
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘက်ဂျက်တွင်ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ၏ တင်ဒါရှင်းလင်းပွဲနှင့် မြစိမ်းရောင်ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခမ်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
Nov 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မစျေးကြီးတွင် ပွင့်လင်းရာသီ၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မစျေးနှင့် မြို့နယ်မီးသတ် ဦးစီးဌာတို့ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင် ကိုဗစ်ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၁/၂၀၂၁) နှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၁)နှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပန်းချီဆွဲပြိုင်ပွဲ နှင့် လက်ကမ်း စာစောင် များဖြန့်ဝေ
Nov 26,2021
(၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကို ခန္တီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းလုံမြို့တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် နိုဝင်ဘာလ(၂၈) ရက်နေ့၌ ကျရောက်မည့် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား " လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ တွံတေး၌ ဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ် ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူစည်းကားရာနေရာများ၊ စာသင်ကျောင်းများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငပလီမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Nov 26,2021
ငပလီမြို့တွင် အသက်(၁၈) နှစ်နှင့်အထက်ဦးတည်အုပ်စုရှိ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး တစ်ကြိမ်မှမထိုးနှံရသည့် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ (၂၅) ကုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။