သန်လျင်မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မစျေးကြီးတွင် ပွင့်လင်းရာသီ၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မစျေးနှင့် မြို့နယ်မီးသတ် ဦးစီးဌာတို့ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းထွန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် သန်လျင်မြို့မစျေးမှ ဒုဦးစီးမှူး ဒေါ်စန်းစန်းထွေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြို့မစျေးကြီး အတွင်း/အပြင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ မီးချိတ်၊ မီးကတ်များနှင့် မီးငြိမ်းသတ်စက်များ၊ ရေလိုင်းများ၊ လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်ပလပ်ဘုတ်ခုံများ၊ မိန်းဘုတ်များ၊ မီးသတ်ဆေးဘူးများနှင့် သဲအိတ်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့မစျေးကြီးတွင် ပွင့်လင်းရာသီများ၌ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မစျေးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့​ ပူးပေါင်းကာ နှစ်စဉ်မီးငြိမ်းသတ် လက်တွေ့ဇာတ်တိုက် လေ့ကျင့်မှုများနှင့် မီးငြိမ်းသတ်ပစ္စည်း ဆောင်ရွက်ထားရှိမှု တို့အား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်