သတင်းများ

တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန၌ "ပန်းအလှပြင် သင်တန်း " ဖွင့်လှစ်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း တို့ပူးပေါင်းကာ ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက "ပန်းအလှပြင်သင်တန်း" ဖွင့်လှစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 26,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ယနေ့နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေး သည့် အသက်(၄၀)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့ ကျိုက္ကဆံဘုရားဝင်း အတွင်းရှိ ဓမ္မဗိမာန်တော်တွင် ကာကွယ်ဆေးလာရောက် ထိုးနှံကြသူ ကျား ၂၀၀ ၊ မ ၃၈၁ ဦး စုစုပေါင်း ၅၈၁ ဦးရှိ ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)တွင် ၈၃.၁၈ရာခိုင်နှုန်းထိုးနှံပေးပြီးဖြစ်
Nov 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်ထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၈၈၁)ဦးထိုးနှံပေးခဲ့ပြီးဖြစ်သည်။
(၁၀၁)နှစ်​​​မြောက် အမျိုးသား​အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်​ကမ်းစာ​စောင်များ ဖြန့်​​​ဝေ
Nov 26,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ထုတ်​ဝေသည့် (၁၀၁)နှစ်​မြောက်အမျိုးသား​အောင်ပွဲ​နေ့ သတင်းစကား လက်ကမ်းစာ​စောင်များကို ယ​​နေ့နံနက် (၁၀း၀၀) နာရီအချိန်က​ ရပ်ကွက်​နေပြည်သူများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများသို့ သွား​ရောက် ဖြန့်​​ဝေ ခဲ့သည်။
တောင်ငူ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ရောဂါ ကွင်းဆက် ပြတ်တောက်နိုင်ရေး တစ်ဦးတစ်ယောက်ချင်းစီတိုင်းအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Nov 26,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က အလုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်ကန်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသ မန်ကန် နိုဝင်ဘာ ၂၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရုံး၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓ
Nov 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရုံး၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသမှုကို ယနေ့နံနက်၇နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် ဘုတ်တွင် ပြသခဲ့သည်။