သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေး သည့် အသက်(၄၀)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့ ကျိုက္ကဆံဘုရားဝင်း အတွင်းရှိ ဓမ္မဗိမာန်တော်တွင် ကာကွယ်ဆေးလာရောက် ထိုးနှံကြသူ ကျား ၂၀၀ ၊ မ ၃၈၁ ဦး စုစုပေါင်း ၅၈၁ ဦးရှိ ကြောင်းသိရသည်။