သတင်းများ

ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်ချနေ တစ်တင်း ၃၈၀၀၀ကျပ်ရောင်းချနေရ
Nov 27,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချ နေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် တောင်ဖက်တန်းကျေးရွာ ပဲတီ စိမ်းစိုက်ပျိုးတောင်သူ လက်ပံခြေပေါ်ကျေးရွာ ဦးမောင်တင့်ပြောကြား၍သိရသည်။
မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမ၌ မြို့နယ်ကိုဗစ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြို့သစ်မြို့ မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Nov 27,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့မစျေးကြီးအတွင်းသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး ချထားမှုအခြေအနေများကို မြို့နယ်တာဝန်ရှိသူများက  ယမန်နေ့နံနက် ၉  နာရီက မြို့မစျေးကြီး အတွင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မင်းဘူးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာန တို့ ပူးပေါင်းပြီး(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ခြောက်လမြေပဲခေါ်ပင်ပြန့်မြေပဲများနှုတ်သိမ်း၊ မြေပဲများ အထွက်နှုန်း ကောင်းသော်လည်း ပျက်စီးမှုများနေ
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ခြောက်လမြေပဲခေါ် ပင်ပြန်မြေပဲများစတင်နှုတ်သိမ်း နေပြီဖြစ်ရာ မြေပဲများထွက်နှုန်းကောင်းမွန်သော်လည်းပျက်စီးမှုနှုန်းများ နေကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ မြေပဲစိုက်တောင်သူ ဦးသန်းထိုက် ထံကသိရသည်။
ဝါးခယ်မမြို့နယ်၌ASEAN HEALTHမှလှူဒါန်းသော အောက်ဆီဂျင်စက်၊အောက်ဆီဂျင်အိုးနှင့် အသုံးအဆောင်ပစ္စည်းများအားလှူဒါန်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Nov 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ခုတင်(၅၀)ဆံ ပြည်သူ့ဆေးရုံနှင့်ကြက် ခြေနီ အသင်းသို့ASEAN HEALTHမှ အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကိုနိုဝင်ဘာ ယမန်နံနက် (၁၁)နာရီက ဝါးခယ်မ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Nov 27,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို နိုဝင်ဘာ ၉ရက်နေ့မှစ၍ နေ့စဉ် မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စလူချောင်းကျေးရွာ အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 27,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီက ‌ စလူချောင်း ကျေးရွာအုပ်စုတွင်ရှိ ပြည်သူများအတွက် အိမ်ထောင် စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။