မိုင်းလုံမြို့တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

မိုင်းလုံ   နိုဝင်ဘာ    ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  နိုဝင်ဘာလ(၂၈) ရက်နေ့၌ ကျရောက်မည့် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၀၁)နှစ်မြောက်  အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ်  "သတင်းစကား " လက်ကမ်းစာစောင်များကို   ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက   ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ခုနှစ် ၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အမှာစကားမှ ကောက်နှုတ်ချက်၊  အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်  သစ္စာဆို  အဓိဌာန်ပြုကြသော  ကျောင်းသားကြီး(၁၁)ဦး၊  အမျိုးသားရေးစိတ်ဓါတ် ၊ပညာရေးကဏ္ဍသည် အရေးကြီး၊အမျိုးသားအောင်ပွဲနေ့အစရှိသည့် အကြောင်းအရာများ၊ ရေနံသာမောင်ကျော်ညွှန့်  ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင် စောင်ရေ(၂၀၀)ကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)