ခရမ်း နိုဝင်ဘာ ၂၆
တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုTalk Showကို ယမန်နေ့မွန်းလွဲ ၃း၀၀ နာရီအချိန်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ခရမ်းမြို့နယ် Book Clubအဖွဲ့ဝင် ဦးအေးဟန်က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ ကိုလိုနီပညာရေးစနစ် မလိုလား၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ဆန့်ကျင်ခဲ့ကြောင်းနှင့် ၁၉၂၀ ပြည့်နှစ် မြန်မာပြည် အရပ်ရပ်တွင် အမျိုးသား ကျောင်းများ ပေါ်ပေါက်လာပုံကို အသေးစိတ် ဟောပြောပေးသည်။
ထိုသို့ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းသည် မြန်မာတစ်မျိုးသားလုံးအတွက် မမေ့သင့်၊ မမေ့ထိုက်သော နေ့ထူး၊ နေ့မြတ်များစွာ ရှိသကဲ့သို့ ယနေ့ခေတ် လူငယ်၊ လူရွယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ် တိုင်းပြည်အတွက် အားထားရသည့် လူတော်၊ လူကောင်း များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )