ခန္တီးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပန်းချီဆွဲပြိုင်ပွဲ နှင့် လက်ကမ်း စာစောင် များဖြန့်ဝေ

ခန္တီး        နိုဝင်ဘာ ၂၆

(၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကို ခန္တီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊  လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦး‌ဇေယျာဝင်းက(၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲ  ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

 

အဆိုပါ (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲသို့ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ)မှအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေး အပ်ချီးမြှင့်ပေးခဲ့ပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

ဟန်ထွန်း(အင်းဝ)