မက်မန်း နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒုတိယအကြိမ် မြစိမ်းရောင်စီမံကိန်းဖြင့် ချေးငွေများထုတ်ချေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က ဒုတိယ အကြိမ် မြစိမ်းရောင်စီမံကိန်းဖြင့်ငွေထုတ်ချေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုး တိုးတက်အောင် ရေရှည်စီမံကိန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အဆိုပါမြစိမ်း ရောင်စီမံကိန်းလုပ်ငန်းမှချေးငွေများကို အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ(၂)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၁၇)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၄) ဦး၊ စုစုပေါင်း (၃၃) ဦးတို့အား ရန်ပုံငွေကျပ်(၃၅၃၁၄၀၀ဝိ/-)တိတိအား ထုတ်ချေးပေးခဲ့သည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကို မက်မန်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးတင်ဆူး ခေတ္တခရိုင်ဦးစီးမှူး၊ ဦးမိုင်းညီဇော်လှအောင် မြို့နယ် ဦးစီးမှူးတို့က ကျေးရွာများအထိ ကွင်းဆင်းထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
သန်းမြတ်စိုး