မိုင်းပျဉ်းမြို့၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းပျဉ်း နိုဝင်ဘာ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မိုင်းပျဉ်း မြို့နယ်ရုံး (Community Center) ခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်၃ဒေါ်ခင်သန္တာအောင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောခဲ့ပြီးကျောင်းသား၊ ကျောင်းသူများကဆေးရောင်ခြယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲကို မိုင်းပျဉ်းမြို့ အလယ်ပိုင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်းတွင်ပညာသင်ကြားနေသော မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကိုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်သန္တာအောင်