မိုးမောက်မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစားဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

မိုးမောက်     နိုဝင်ဘာ     ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ကာလ အတွင်း ပြည်သူများအား ကျန်းမာရေးအကျိုးပြုနိုင်စေရေးအတွက် ရည်ရွယ်၍ ကိုယ်လက် လှုပ်ရှားအားကစားဆိုင်ရာ Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  Talk Show ဆွေးနွေးပွဲတွင် မိုးမောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန   မြို့နယ်ဦးစီးမှူး   ဒေါ်သဲစုမိုးက အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ၏ ရည်ရည်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ နည်းပြ(နည်းစနစ်) ဒေါ်ယုယုလှိုင်က  ကိုယ်လက်လှုပ်ရှားအားကစား၏  အဓိပ္ပာယ်နှင့် ရည်ရွယ် ချက်များ၊ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကိုဗစ်−၁၉ ကပ်ရောဂါ ကူးစက်မှုဖြစ်ပွားနေသည့် ကာလတွင် ပြည်သူများအနေဖြင့်  ကျန်းမာရေးအတွက် အလွယ်တကူ ပြုလုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားနည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)