မဘိမ်း နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ မဘိမ်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူများအာ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အ စည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဘိမ်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက် တောင်သူများအား စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ကျေးရွာအုပ်စုအလိုက်ခွဲ၍ တစ်ရွာခြင်းထုတ်ချေးပေး လျက်ရှိရာ ဆောင်းသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် မြို့မရပ်ကွက်ရှိ တောင်သူ(၄၉)ဦး၏ ဆောင်းသီးနှံပဲပုတ်စိုက်ဧက(၃၂ဝ)ဧကအတွက် ငွေကျပ်(၃၂ဝ)သိန်း၊ ခိုတာကျေးရွာရှိ တောင်သူ (၃ဝ)ဦး၏ သီးနှံပဲပုတ်စိုက်ဧက(၁၇၆)ဧကအတွက် ငွေကျပ်(၁၇၆)သိန်းနှင့် မလှိုင်ကုန်းကျေးရွာရှိ တောင်သူ(၉)ဦး၏ သီးနှံပဲပုတ်စိုက်ဧက(၆၁)ဧကအတွက် ငွေကျပ်(၆၁)သိန်း၊ စုစုပေါင်းဆောင်းသီးနှံ ပဲပုတ် စိုက်ဧက(၅၅၇)ဧကအတွက် ငွေကျပ်(၅၅၇)သိန်းကို တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီး မဘိမ်းမြို့နယ်အတွင် ဆောင်းသီးနှံအဖြစ် ပဲပုတ်နှင့်မြေပဲတို့ကို အဓိကထားစိုက် ပျိုးကြကြောင်း မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက်မန်နေဂျာ ဦးဇော်နိုင် ဦးထံမှ သိရသည်။
မျိုးမင်း(ပြန်/ဆက်)