နတ်မောက်မြို့နယ်တွင် ဗိုလ်ချုပ်နေအိမ်ပြတိုက်အား မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများဆောင်ရွက်

နတ်မောက်  နိုဝင်ဘာ    ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ် နေအိမ်ပြတိုက်အား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်က မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန မြိုနယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်နေအိမ်ပြတိုက်အတွင်း/  အပြင် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ မီးချိတ်၊ မီးကတ်များနှင့် မီးငြိမ်းသတ်စက်များ၊ ရေလိုင်းများ၊ လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်ပလပ် ဘုတ်ခုံများ၊ မိန်းဘုတ်များ၊ မီးသတ်ဆေးဗူးများနှင့် သဲအိတ် ထားရှိမှုများ အား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော်ထံမှ သိရသည်။

သင်းသင်းမြတ်