ကျွန်းလှမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ကျွန်းလှ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် ၄၉၂၊ တောင်သူ ဒေါ်ရွှေဝ၏ မိုးစပါးတင်း ၁၀၀ ထွက်ရှိရေးစံပြကွက်၊ ဧရာမင်းမျိုးစပါး နှစ်ဧကတွင် ယနေ့ နံနက် ၇နာရီက စံကွက်ရိတ်သိမ်းကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တောင်သူများပူးပေါင်းပြီး ၆ ဒသမ ၆ ပေ ပတ်လည် စံကွက် ရိတ်သိမ်းကြရာ တစ်ဧက အစိုထွက်တင်း ၁၁၀ ထွက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးသီးနှံ ၃၄၈၉၉ ဧက စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးစံပြကွက် ဧက ၃၀ ၊ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် ဧက ၁၅၀ ၊ ပျိုးသက်နု ကောက်ကွက်ကြဲ SRI စံပြကွက်များ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)