ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မတ်ပဲမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကျင်းပ

ဇလွန်   နိုဝင်ဘာ    ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မတ်ပဲမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဖိုးချို၏ လယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မတ်ပဲမျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်းဖြင့် မျိုးစေ့နှုန်းထား အကုန်သက်သာခြင်း ၊ လယ်ယာ လုပ်သား ရှားပါးမှုပြဿနာဖြေရှင်းပေးနိုင်ခြင်း၊ အတန်းချစိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါ ကျရောက်မှု သက်သာစေပြီး တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားမည် ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှ ဦးနိုင်ကျော်စိုးနှင့် စက်မှုလယ်ယာဦးစီးအရာရှိ ဦးဌေးတို့မှ တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များအား ပေးအပ်ခဲ့သည်။

ဇလွန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သော မတ်ပဲမျိုးစေ့ချကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးမှူး ၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)