ဗိုလ်တထောင် နို၀င်ဘာ ၂၉
နိုင်ငံသာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့ ဆောင်ပုဒ်နှင့်အညီ အမျိုးသားနေ့ ဖြစ်ပေါ် လာပုံကိုပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံးတွင် (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ဗိုလ်တထောင်မြို့နယ် Book Club အဖွဲ့ဝင် ဆရာဦးအောင်ဟိန်းသူက အမျိုးသားနေ့ စတင်ဖြစ်ပေါ်လာပုံ၊ အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနာများကို နှစ်စဉ်ကျင်းပလာပုံများ၊ မျိုးသားရေးစိတ်ဓါတ်ကို ရှင်သန်ကိန်းအောင်း တန်ဖိုးထားတတ်စေရန် စသည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မေနှင်း (ဗိုလ်တထောင်)