ကန့်ဘလူ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ထရန်စဖော်မာများ အသစ်တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ တိုးချဲ့တည်ဆောက်ခြင်း၊ ကွန်ကရစ်မီးတိုင်များ၊ သံလက်တန်းများ၊ ဓာတ်ကြိုးများ အစားထိုးလဲလှယ်ခြင်း စသည့်လုပ်ငန်းများကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးက ပစ္စည်းတင်ဒါ ၊ လုပ်ငန်းတင်ဒါများ ခေါ်ယူစိစစ်နေဆဲဖြစ်ကြောင်း၊ တင်ဒါ ခေါ်ယူခြင်းလုပ်ငန်းများပြီးစီးပါက တင်ဒါအောင်ကုမ္ပဏီများဖြင့် တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးအောင်မျိုးဦးက ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတိုးချဲ့မှုအဖြစ် မြို့ပေါ် ရပ်ကွက်များတွင် ရှည်လျားဆားဗစ်ကြိုးများ ရှင်းလင်းရန်အတွက် ၄၀၀ ဗို့ဓာတ်အားလိုင်း ၂ ဒသမ ၅ မိုင်တိုးချဲ့တည် ဆောက်ခြင်း၊ အမှတ်( ၃) တိုးချဲ့ရပ်ကွက် စီမံကိန်းရုံးအနီးတွင် ၁၁ ကေဗွီလိုင်း ၅၀၀ ပေ၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ၂၀၀၀ ပေနှင့် ၁၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံးတိုးချဲ့တည်ဆောက်ခြင်း၊ ပေါ်တော်မူကျေးရွာ ဓာတ်အားရရှိရေးအတွက် နတ်အင်းကျေးရွာမှ ပေါ်တော်မူကျေးရွာအထိ ၁၁ ကေဗွီဓာတ်အားလိုင်း ၂ မိုင်နှင့် ၁၁ /၀ ဒသမ ၄ ကေဗွီ၊ ၁၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံးတည်ဆောက်ခြင်း၊ စလွယ်ကျေးရွာ ဓာတ်အားရရှိရေးအတွက် ပေါ်တော်မူကျေးရွာမှ စလွယ်ကျေးရွာအထိ ၁၁ ကေဗွီဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင်နှင့် ၁၁ /၀ ဒသမ ၄ ကေဗွီ၊ ၁၀၀ ကေဗွီအေထရန်စဖော်မာတစ်လုံးတည်ဆောက်ခြင်း၊ ဂါးထာကျေးရွာ ဓာတ်အားရရှိရေးအတွက် စလွယ် ကျေးရွာမှ ဂါးထာကျေးရွာအထိ ၁၁ ကေဗွီဓာတ် အားလိုင်း ၂ ဒသမ ၆ မိုင်နှင့် ၁၁ /၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီ အေထရန်စဖော်မာ တစ်လုံး တည်ဆောက်ခြင်း၊ ဆည်ကြီးကျေးရွာဓာတ်အားရရှိရေးအတွက် ဂါးထာကျေးရွာမှ ဆည်ကြီး ကျေးရွာအထိ ၁၁ ကေဗွီဓာတ်အားလိုင်း ၂ ဒသမ ၅ မိုင်နှင့် ၁၁ /၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေထ ရန်စဖော်မာ တစ်လုံးတည်ဆောက်ခြင်း၊ ၁၁ ကေဗွီ ကျေးရွာ လိုင်းခွဲများ နှင့် မြို့တွင်းလိုင်းခွဲများတွင် Auto Recloser ၈ လုံးတပ်ဆင်ခြင်း၊ အမှတ (၁) ရပ်ကွက် မဟာရွှေစည်ကြီး ဘုရားစျေးဆိုင်ခန်းအတွင်း ဓာတ်အားဖြန့် ဖြူးပေးနေသော ၄၀၀ ဗို့ဓာတ်အား လိုင်း ၂၉၀၀ ပေရှိ သံတိုင်နှင့်သစ်သားတိုင် ၂၈ တိုင်တို့အား တိုင် /တန်း /ကြိုး အစားထိုး လဲလှယ်ခြင်း၊ တပင်ရွှေထီးလမ်းမကြီးတလျှောက် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်း သော ၁၁ ကေဗွီမြို့ တွင်းလိုင်းရှိ ကွန်ကရစ်တိုင် ၃၈ တိုင်အားပြောင်းရွှေ့ စိုက်ထူခြင်း၊ အမှတ် (၂)ရပ်ကွက်တွင် (စည်ပင်ရုံးရှေ့မှ အမှတ် (၂) ၂၀၀ ကေဗွီအေ ထရန်စဖော်မာ အထိ) ၁၁ ကေဗွီ ACSR ကြိုးများအား AWOC ဖြင့် ၁၅၀၀ ပေလဲ လှယ်ခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)