ဖျာပုံမြို့၌ ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်း ဆောင်ရွက်

ဖျာပုံ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျလိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများကပူးပေါင်းပါဝင်ကြရန် ရည်ရွယ်၍ ဒီဇင်ဘာလ()ရက်နေ့ နံနက် ()နာရီအချိန်က ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် အသိပေးကြေညာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊နေအိမ်ပြင်ပသို့ ထွက်ခွာရပါက ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ပြီးမှသွားရောက်ရန်၊ လူစုလူဝေးသွားရောက်ခြင်းမှ ရှောင်ကြည်ရန်၊ တစ်ဦးနှင့် တစ်ဦးစကားပြောဆိုရာတွင် ()ပေအကွာမှ ပြောဆိုရန်၊ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်၊ အသုံးအဆောင်ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းလက်ကို ဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ ပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြရန် စသည့်အသိပညာပေး လုပ်ငန်းများကို ပြည်သူများမှ သိရှိလိုက်နာစေရေးအတွက်အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်