ဂွ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၁)ကို ယမန်နေ့နံနက် (၉)နာရီ အချိန်မှ၍ မြို့နယ်မီးသတ် ဦးစီးဌာန၊ ဦးစီးမှူးရုံးခန်းမတွင် ကျင်းပ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား ဦးရေ (၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်