ကရသူရိ ဒီဇင်ဘာလ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် ယမန်နေ့က ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ကျောင်းသား/သူ (၁၀)ဦးနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် ကျောင်းသားမိဘ (၅) ဦးရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကို ဘုတ်ပြင်းမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းထွန်းကျော်နှင့် ကျန်မာရေးဝန်ထမ်းများ၊ ဘုတ်ပြင်းမြို့နယ် ကြက်ခြေနီအသင်းမှ ဦးစိုးဝင်းပိုင်နှင့် အဖွဲ့ဝင်များ၊ ကရသူရိမြို့တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် အဖွဲ့များပူးပေါင်းပြီး ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/သူ(၃၂၈)ဦးတို့ကို Tick Kids ဖြင့်စစ်ဆေးရာ ကျောင်းသား/ သူ(၁၀)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် ဆက်စပ် ကျောင်းသား မိဘများကို ခေါ်ယူစစ်ဆေးရာတွင် (၅) ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း(၁၅)ဦး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများကို ကရသူရိမြို့တိုက်နယ်ဆေးရုံးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ယနေ့အချိန်ထိ ပိုးတွေ့လူနာ(၁၇)ဦး ရှိနေပြီးဖြစ်ကြောင်း တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာ ကျော်လင်းထွန်းက ပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းသည် ဒီဇင်ဘာလ(၇)ရက်နေ့က ဆဌမတန်း ကျောင်းသူ တစ်ဦးနှင့် ဒုတိယတန်းကျောင်သားတစ်ဦး ပညာသင်ကြားနေချိန်တွင် ကိုယ်အပူ ချိန်မြင့်တက်လာသည့် အတွက် မြို့တိုက်နယ်ဆေးရုံးတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရာ ၎င်းတို့(၂)ဦးနှင့် ဆက်စပ်သည့် ဆရာ/ဆရာများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများကို ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်း အဆိုပါ ဆောင်ရွက်ရာသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ ပူး ပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)