သံတောင်ကြီး ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တွင် Book Club နှင့် Youth club အဖွဲ့ဝင်များက ယနေ့နံနက် (၉) နာရီအချိန်တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ချစ်လို့ပြောတာမှတ်ပါ” စာအုပ် အားစာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူ ကစာဖတ်ခြင်း အကျိုးကျေးဇူး သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကောင်းအဆိုးအမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်မည်ဖြစ်ပြီး စာဖတ်ဝိုင်းပြုလုပ်ရခြင်းရ ည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နော်ကူသေး (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာဖြစ်သည့် စာပေရဲ့ အရသာ၊ မပြိုစေလိုရွှေမြှင့်မိုရ်၊ တကယ့်အဖိုးတန်ရေခံမြေခံစိတ်အား၊ သတ္တိမှန်ခေါင်းစဉ်များ ဖတ်ကြားဆွေးနွေးပြီး နော်ခိုင်ခင်ထက် (Youthclub) အဖွဲ့ဝင်က ချစ်သောစိတ်ဖြင့် ရှူကြရစေ၊ သင်ယူ ပြုပြင်မှုအလေ့အထ၊ ကြိုက်ရာလမ်းကို ရွေးခြယ်စသည့် ခေါင်းစဉ်များဖြင့် ဖတ်ကြား ဆွေးနွေးခဲ့သည်။
ထိုနောက် တက်ရောက်လာသည့် Book Club နှင့် Youth club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)