မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် ပြည်သူများအား အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

မြေပုံ        ဒီဇင်ဘာ   ၁၀

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာ ကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗ ဟုသုတရရှိလာစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် “အောက်ချင်းငှက် မောင်နှံ”ခေါင်စဉ်ဖြင့်ရိုက်ကူးဆောင်ရွက်ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ် သတ်ပြည်သူများ ကျောင်းသား ကျောင်သူ သားငယ် သမီးငယ်လေးများအတွက် စာပေဗဟု သုတ ရရှိစေရန်ရည်ရွယ်၍  မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  Online မှ တဆင့်  သုတ၊ ရသ စာအုပ် မိတ်ဆက်ခြင်း အစီအဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ပုံပြောခြင်း အစီအစဉ် ကဗျာလေး တွေရွက်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက်အစီအစဉ်များကို စဉ်ဆက်မပြတ် မြေပုံမြို့နယ် ပြည်သူ့စာကြည့် Page  မှတဆင့် တင်ဆက်ပေး လျက်ရှိကြသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)