မေတ္တာ ဒီဇင်ဘာ ၁၀
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မေတ္တာမြို့၊ နယ်မြေမီးသတ်စခန်းမှ မေတ္တာမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးပညာပေး ဆောင်ရွက်ခြင်းကို ပြည်သူများ မီးသတိမူရေးနှင့် မီးဘေးကြိုတင် ကာကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်အိမ်တက်ဆင်းမီးသုံးစွဲမှု စစ်ဆေးခြင်း၊ အရေးပေါ်ဖုန်း နံပါတ် 191 ပါ မီးသတိပြုစာတမ်းများကပ်ခြင်း၊ အရေးပေါ်သုံး မီးသတ်ဆေးဘူးများ ထားရှိရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် နယ်မြေမီးသန်စခန်းမှ လက်ထောက်ဦးစီးမှူး၊ ဦးသူရကျော် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ )