သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀) နှစ်နှင့်အထက် ပြည်သူများအား(Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်( ၄၀ )နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသောပြည်သူ(၅၁၉)ဦးအား ကျိုက္ကဆံဘုရားဝင် ဓမ္မဗိမာန် တော်၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီ အချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
တွံတေး၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာ တို့အား ရန်ပုံငွေလွှဲပြောင်းပေးအပ်
Dec 10,2021
သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာတို့အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့‌ကြောင်း သိရှိရသည်။
ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက်  အသိပညာပေးဆော်ဩရေး ဆောင်ရွက်
Dec 10,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို​ ဟိုပန်မြို့နယ်ရှိပန်လော့ကျေးရွာသို့ ကွင်းဆင်းပြီး လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေးဆော်ဩရေး  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Dec 10,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်နိုင်၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ပြန့်ပွားမှုမရှိစေရေး ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း Mask Campaign လှုပ်ရှားမှု တစ်ရပ်ကို ယမန်နေ့နံနက်ပိုင်း ၉နာရီက ဗိုလ်တေထာင်မြို့နယ် မိသားစုရပ်ကွက် နန်းသီတာ သင်္ဘောဆိပ် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှ၂၄၃၅၁၅ ဦးထိုးပေးနိုင်ပြီဖြစ်
Dec 10,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်း အချိန်ထိ ၂၄၃၅၁၅ ဦး ထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးခရိုင်၊ခ ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ
Dec 10,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
သထုံမြို့၊ ဈေးမသွယ်အကျဉ်းထောင်ရှိ အကျဉ်းသားများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကြည့်ရှုအားပေး
Dec 10,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဈေးမသွယ်အကျဉ်းထောင် (ထောင်သစ်)တွင် ယမန်နေ့နံနက် က အကျဉ်သားများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကိုဗစ်မျိုးကွဲအိုမီခရွန် (Omicron) အကြောင်း အများ ပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး နှိုးဆော်
Dec 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှု များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။