သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်  စာဖတ်ရှိန်မြှင့် တင်ရေးအတွက်  ပြိုင်ပွဲများပြုလုပ်

သံတောင်ကြီး     ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်း သားများအနေဖြင့့််စာကြည်တိုက်နှင့်ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြှင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေး အခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ ဘိုးလင်းပစ်ပြိုင်ပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက  ကလေးသူငယ်များအနေဖြင့်၊ အချိန်ကို တန်ဖိုး ရှိစွာ အသုံး ပြုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတတိုးပွားလာ စေရန်၊ ယခုကဲ့သို့ ပြိုင်ပွဲ များပြု လုပ်ပေးခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြှင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ် ပေးခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ  ဘိုးလင်းပစ် ပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲကို ပြုလုပ်ပေး ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)