စုကလိ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ တွင် နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် ပေါ့ဆမီး၊ မီးဖို ချောင်မှတစ်ဆင့်မီးလောင်ကျွမ်းခြင်း၊ တောမီးလောင်ခြင်း များကြောင့် မီးလန့်မှုများ မဖြစ်ပေါ် စေရေးတို့ကို အသိပညာပေးဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ သန္တေမီးသတ်ဦးစီးဌာနမှ တာဝန်ခံတပ်ကြပ်ကျော်သူမိုးမှ ဦးဆောင်၍ စုကလိမြို့ နေအိမ်များ နှင့် စျေးဆိုင်ခန်းများအား ယနေ့နံနက် ၁၀ နာရီအချိန်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ခြင်းကိုဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မီးဘေးအန္တရာယ်ကျရောက်နိုင်မည့် အချက်များအားရှင်းလင်း ပြောကြား ခြင်း၊ အိမ်တိုင်းတွင်မီးချိတ်မီးကတ်၊သဲအိတ်ရေအိတ်များ စနစ်တကျ ထားရှိကြရန် ၊ စျေးဆိုင် များတွင်မီးသတ်ဆေးဘူးများ ထားရှိနိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာန သို့အချိန်မှီအကြောင်းကြားပေးပါရန်နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် မီးသတ်ဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များအား အများပြည်သူများ သိရှိနိုင်ပါရန် လူစည်ကားသောနေရာများတွင် ကပ်ထားကြေငြာပေးခဲ့ကြောင်း သိရှိရသည်။
ပိုပိုအောင်