ဘိုကလေးမြို့နယ် ကံစုအနောက်ကျေးရွာအုပ်စုတွင် မြေသားလမ်းများ တူးဖော်ဆောင်ရွက်

ဘိုကလေး    ဒီဇင်ဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာအုပ်စုရှိ တင်းကုတ်ကြီးကျေးရွာနှင့် ကဇောင်းလေးကျေးရွာ မြေသားရွာလမ်းများအား ကျေးရွာဆရာတော်၏ ဦးဆောင်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းကာ စက်ယန္တရားများနှင့်အတူ ကိုယ်ထူကိုယ်ထစနစ်ဖြင့်  တူးဖို့ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လမ်းဖို့ခြင်းလုပ်ငန်းအား ဒီဇင်ဘာ(၁၁) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ယခုတူးဖို့နေသည့် ရွာလမ်းအကျယ်မှာ ယခင်က (၆)ပေသာရှိသဖြင့် ပေ(၂၀)အကျယ်ဖြင့် မြေသားတူးဖို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းဖို့ပြီးစီးပါက အများပြည်သူသွားရေးလာရေး အဆင်ပြေချောမွေ့သွားမည့်အပြင် ကျေးရွာကုန်ထုတ်လမ်းအဖြစ်ပါ အသုံးပြု၍ ရနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မိုးစက် (ဘိုကလေး)