သတင်းများ

ထားဝယ်မြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ
Dec 30,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဖူဆယ်ဘော်လုံးပြိုင်ပွဲကိုယနေ့ ၉ နာရီတွင် ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေး သတိရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်
Dec 30,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေးသတိရှိစေရန် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းများကို ယနေ့ နံနက် ၇ နာရီက သရက်မြို့အနောက်ဈေးမှ ဈေး ရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ် စီးနင်းသူများအား အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းနှင့် နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၁) သင်တန်း ဆင်းပွဲကျင်းပ
Dec 30,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၁) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက် ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စစ်တုရင်ပြိုင်ပွဲကျင်းပ
Dec 30,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်းရုံ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအတွင်းရှိ ခရိုင်/မြို့နယ် ဦးစီးများ၏ (၄)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 30,2021
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအတွင်းရှိ ခရိုင် /မြို့နယ် ဦးစီးရုံးများ၏ (၄)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က တိုင်း‌ဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တိုင်း ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်(၁၂/၂၀၂၁)လအတွက်အငြိမ်းစား(၂၆၉)ဦးကို ပင်စင်လစာပုံမှန်ထုတ်ပေးလျက်ရှိ
Dec 30,2021
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွက် ပင်စင်ထုတ်ယူရန် အငြိမ်းစားဝန်ထမ်းပေါင်း(၄၂၂)ဦးရှိသည့်အနက် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်(လစာထုတ်နေ့)အထိ အငြိမ်းစားဝန်ထမ်း(၂၆၉)ဦးအတွက် ပင်စင်လစာငွေကျပ် (၄၇၉၇၆၁၄၁/၆၄) တိတိကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါး ရေးဘဏ်မှသိရသည်။     
ရပ်စောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက အလည်ချောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။