ရပ်စောက် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက အလည်ချောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အလည်ချောင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာနှင့် တောင်ကွေး ကျေးရွာတို့တွင် ပြည်သူ(၂၀၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး အဆိုပါပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် ပြည်သူများအနေဖြင့် မိမိတို့မွေးဖွားရာ ဇာတိမြေတွင် အမြဲ နေထိုင်ကာ အိမ်ထောင်စုလူဦးရေပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)