ထားဝယ်မြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စစ်တုရင်ပြိုင်ပွဲကျင်းပ

ထားဝယ်  ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်းရုံ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အလွတ်တန်းစစ်တုရင်၌ ပြိုင်ပွဲဝင်ကစားသမား(၁၀)ဦးနှင့် အသက်(၁၈)နှစ်အောက် အငယ်တန်းစစ်တုရင်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၈)ဦးပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရပြီး ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရ သည်။

ထို့သို့ ပြိုင်ပွဲကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများ လွတ်လပ်ရေးနေ့ကို မြတ်နိုးတန်ဖိုးထား တတ်စေရန်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ အာရုံစူးစမ်းမှု မှတ်ဉာဏ် အားကောင်းစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပြီး ဆုရရှိသူများကို ဇန်နဝါရီလ ၂ ရက်နေ့ တွင်ဆုချီးမြှင့်ပေးအပ်မှာဖြစ်ကြောင်း သိရသည်။

ကေကေအယ်လ်