ဂွ ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၁) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူး မျိုးဇေယျာက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ရာ မကျေးငူကျေးရွာ၊ ရဟိုင်ကူးတို့ ကျေးရွာ၊ ဆပ်သွားကျေးရွာနှင့် ဒေါင့်ချောင်း ကျေးရွာတို့မှ သင်တန်းသား ကိုယ်စားလှယ်များ က လက်ခံရယူခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားဦးရေ (၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်