ထားဝယ်မြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ

ထားဝယ် ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဖူဆယ်ဘော်လုံးပြိုင်ပွဲကိုယနေ့ ၉ နာရီတွင် ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြိုင်ပွဲများ၏ ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် အမျိုးသား အသင်း (၁၃) သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး  အုပ်စုများခွဲ၍ ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ အထိယှဉ်ပြိုင်ကစားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကေကေအယ်လ် (ထားဝယ်)