ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေး သတိရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

သရက်   ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေးသတိရှိစေရန် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းများကို ယနေ့ နံနက် ၇ နာရီက သရက်မြို့အနောက်ဈေးမှ ဈေး ရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ် စီးနင်းသူများအား အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းနှင့် နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း (Mask Campaign) ဆောင်ရွက်ခြင်းအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် သုခရတနာပရဟိတ အသင်းတို့ပူးပေါင်း၍  ဒေသခံခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနင်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာကြစေရန်၊ ကျန်းမာ ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များ ကိုလိုက်နာစေရန် အသိပညာပေး နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့်နှာခေါင်းစည်း (Mask)အခမဲ့ဖြန့်ဝေပေးခြင်း များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

ဇော်ဝမ်းထွန်း(အောင်လံ)