သတင်းများ

မိုးမိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Dec 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးမိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ  မိုးမိတ်မြို့နယ် အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၂၁၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်
Dec 30,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၁) သင်တန်းဆင်းပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉:၀၀) နာရီအချိန် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တရားရုံး အဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Dec 30,2021
ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တရားရုံး အဆောက်အအုံသစ်ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ဒီဇင်ဘာ(၃၀)ရက် နံနက်(၉) နာရီ၌ မချမ်းဘော့မြို့နယ်တရားရုံးအဆောက်အအုံနေရာတွင်ကျင်းပခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ရေခွန်ပြေစာပေးအပ်ပွဲ ကျင်းပ
Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ရေခွန်ပြေစာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပ
Dec 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌  (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကျိုင်းတောင်းမြို့ ဘောလုံးကွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ
Dec 30,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဖူဆယ်ဘော်လုံးပြိုင်ပွဲကိုယနေ့ ၉ နာရီတွင် ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေး သတိရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်
Dec 30,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေးသတိရှိစေရန် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းများကို ယနေ့ နံနက် ၇ နာရီက သရက်မြို့အနောက်ဈေးမှ ဈေး ရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ် စီးနင်းသူများအား အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းနှင့် နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၁) သင်တန်း ဆင်းပွဲကျင်းပ
Dec 30,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၁) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။