ကျိုင်းတောင်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကျိုင်းတောင်းမြို့ ဘောလုံးကွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ မီနီမာရသွန်အပြေးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ မိတာ(၅၀)အပြေးပြိုင်ပွဲ၊ ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲ၊ အာလူးဇွန်းကိုက် ပြိုင်ပွဲ၊ ခြေအိပ်စွပ်ပြေးပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ အပ်နားဖားထိုးပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၂၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ ဆီမီးထွန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျိုင်းတောင်းမြို့ အားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးဦးဆောင်၍ ယနေ့တွင် အားကစား ပြိုင်ပွဲများထဲမှ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစားလျက် ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)