မချမ်းဘော့ ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တရားရုံး အဆောက်အအုံသစ်ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ဒီဇင်ဘာ(၃၀)ရက် နံနက်(၉) နာရီ၌ မချမ်းဘော့မြို့နယ်တရားရုံးအဆောက်အအုံနေရာတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦး တူးဂျာ၊စစ်ဗျူဟာ(အခြေချ)ပူတာအို ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းသိမ်း ကချင်ပြည်နယ်တရားရေးဦးစီးမှူး ဦး ခင်မောင်မြင့်၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦး ကျော်လင်း၊ ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ ပူတာအိုခရိုင်တရားသူကြီး ဦးရီထွန်း၊ ပူတာအိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သိန်းဆွေညွှန့်၊ မချမ်းဘော့မြို့နယ် တရားသူကြီး ဦးမျိုးထွယ်အောင်တို့မှ မင်္ဂလာပန္နက်ရိုက်နှက်ခြင်းနှင့်အမွှေးနံ့သာ ပက်ဖျန်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ် ဦးတူးဂျာမှ အခမ်းအနားသုိ့တက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြားပြီး ဒေသခံတိုင်းရင်းသူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ကာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို နံနက်(၁၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။